Monday, May 10, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီးသည် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး၊တူနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့်အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အတွင်းရေးမှူးချုပ်တို့နှင့်တယ်လီဖုန်းဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

    တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) သည် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး ရီရတ်အယ်လ်မာလီကီ (Riyad al- Maliki) ၊ တူနီးရှားနိုင်ငံခြားရေးဝန်ကြီး အော့မန်ဂျီရန်ဒီ (Othman Jerandi) နှင့် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အတွင်းရေးမှူးချုပ် ယူဆက်ဖ်အယ်လ်အူထိုင်မင်း (Yousef Al-Othaimeen) တို့နှင့် မေလ ၁၀ ရက်နှောင်းပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါဆွေးနွေးမှုအား အစ္စရေး-ပါလက်စတိုင်း အကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး နိုင်ငံ၏ လတ်တလောအခြေအနေများ၊ နိုင်ငံတကာအဆင့် လုပ်ဆောင်သွားရမည့် အချက်များအပါအဝင် OIC ၏ ဂျေရုစလင်ကော်မတီအစည်အဝေးအား ကျင်းပရန်နှင့် ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအသိုက်အဝန်းကို စည်းရုံးနိုင်ရန်အတွက် ရှေ့ဆက် ဆောင်ရွက်ရမည့် လမ်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment