Sunday, May 23, 2021

ဂရိနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးရန် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ခြင်း

Tass;May-22(Sat)

    ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ (Sergey Lavrov) တို့သည် မေလ ၂၄ ရက်တွင် ရုရှားနိုင်ငံ၊ ဆိုချီမြို့(Sochi)၌ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ် များအား ဆွေးနွေးသွားရန်စီစဉ်ထားကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုအပြီးတွင် ဒန်ဒီရက်စ်သည် Sirius ပညာရေးစင်တာသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း သတင်းအရင်းအမြစ် များက ဖော်ပြခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံခြားရေးဝန်ကြီးသည် ခရီးစဉ်၏ ဒုတိယပိုင်း အနေဖြင့် ပင်လယ်နက်မြောက်ပိုင်းကမ်းရိုးတန်းရှိ အနာပါ (Anapa) နှင့် ဂျီလန်ဇက် (Gelendzhik) မြို့များသို့ သွားရောက်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

    ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးသည် မေလ ၂၄ ရက်တွင် ရုရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိလာမည့် ဂရိဝန်ကြီးချုပ်နှင့် ဆွေးနွေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇက်ခါရိုဗာ (Maria Zakharova) က ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံအကြား COVID-19 ဆိုင်ရာ ကန့်သတ်ချက်များဖြစ်ပေါ်နေသော်လည်း ၂၀၂၁ ခုနှစ်အတွက် ရုရှား-ဂရိသမိုင်း၏ ထူးခြားသည့်ပူးတွဲဆွေးနွေးမှုအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများအား တိုးမြှင့်သွားရန်နှင့်ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်သွားရန်အတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ အလားတူ နှစ်နိုင်ငံအကြား မြေထဲပင်လယ်အရှေ့ပိုင်းပဋိပက္ခများအပါအဝင် ဆိုက်ပရပ်စ်အရေးကိစ္စ၊ ဘောလ်ကန်ကျွန်းဆွယ်အရေးတို့နှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment