တူရကီနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu)၊ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး အာမတ်နက်ဆာအယ်လ်မိုဟာမက် အယ်လ်ဆာဘသ် (Ahmad Nasser Al-Mohammad Al-Sabah) နှင့် ဇမ်ဘီယာနိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်မာလန်ဂျီ (Joseph Malanji) တို့သည် ပါလက်စတိုင်း၌ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့်ပတ်သက်၍ မေလ ၁၂ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း Anadolu သတင်းဌာနကဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုတွင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခများအား ကိုင်တွယ်ဖြေရှင်းရေးနှင့် တူရကီနိုင်ငံဆိုင်ရာ ဇမ်ဘီယာသံအမတ် ဂျိုးဆက်ချိုင်လန်ဂျီ (Joseph Chilengi) သေဆုံးခဲ့မှုအတွက် ၎င်း၏မိသားစုများထံ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သွားရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment