Friday, May 14, 2021

တူရကီနိုင်ငံခြားရေးဝန်ကြီးသည်ဂရိနိင်ငံသို့သွားရောက်လည်ပတ်ရန်စီစဉ်ထားကြောင်းပြောကြားခြင်း

        တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ပြီးခဲ့သည့်ဧပြီလအတွင်း ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) ၏ တူရကီနိုင်ငံသို့လာရောက်လည်ပတ်ခဲ့သည့် ခရီးစဉ်တွင်ဖိတ်ကြားခဲ့မှု အရ မေလနောက်ဆုံးရက်များတွင် ဂရိနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထား ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အဆိုပါလာရောက်လည်ပတ်မည့်ရက်အား အတိအကျမသတ်မှတ်ရသေးဘဲ မေလ ၁၃ ရက်မှစတင်၍ မေလ ၁၆ ရက်တွင် ပြီးဆုံးမည့် မွတ်စလင်ဘာသာရေးအစ်ပွဲတော်အပြီးတွင် လာရောက်နိုင်ကြောင်းနှင့် ဂရိအစိုးရအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်သွားရန် မျှော်မှန်းထားကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား လုပ်ဆောင် သွားမည့်အစီအစဉ်နှင့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများပြုလုပ် သွားရန်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment