အမေရိကန်လေထီးစစ်သည် ၈၀၀ ဦးခန့်သည် Swift Response အမည်ရှိ စစ်ရေးလေ့ကျင့်ခန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အက်စတိုးနီးယားနိုင်ငံအနီးရှိ ရုရှားနယ်စပ်အနီးသို့ မြေပြင်ဆင်းသက်မှုများပြုလုပ်ခဲ့ပါသည်။ အဆိုပါလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အမှတ်(၈၂) လေကြောင်းချီတပ်မမှ အထူးတပ်ဖွဲ့ဝင်များသည် လေယာဉ်များပေါ်မှ အဆိုပါနယ်စပ်အနီးသို့ ခုန်ချခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ဗြိတိန် နိုင်ငံမှ အမှတ် (၁၆) လေကြောင်းချီတိုက်ခိုက်ရေးတပ်မဟာသည်လည်း အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်-ဥရောပ ကွပ်ကဲမှုစစ်ဌာနချုပ်က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ အမေရိကန်နှင့် ဂျော်ဂျီယာနိုင်ငံတို့မှ စစ်သင်္ဘော များသည် မေလ ၆ ရက်တွင်လည်း ပင်လယ်နက်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment