Tuesday, June 1, 2021

တရုတ်နှင့်ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း

    တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ (Wang Yi) သည် ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) အား မေလ ၃၁ ရက်တွင် တရုတ်နိုင်ငံ၊ ကွေးယန် (Guiyang) မြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်နှင့် ဟန်ဂေရီနိုင်ငံတို့သည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါ ကူးစက် ပျံ့နှံ့လျက်ရှိသော်လည်း နှစ်နိုင်ငံအကြားဆက်ဆံရေးမှာ ပြတ်တောက်သွားခြင်းမရှိ ကြောင်းနှင့် ဟန်ဂေရီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်သည့် ပထမဆုံး ဥရောပနိုင်ငံဖြစ်ကြောင်း ဝမ်ရီက ပြောကြားခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံသည် ရပ်ဝန်းနှင့် လမ်းကြောင်းအစီအစဉ် (Belt and Road) ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်အား တရုတ်နိုင်ငံနှင့် ပထမဆုံးရေးထိုးသည့် ဥရောပနိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment