Friday, August 12, 2022

တူကီယဲလုံခြုံရေးတပ်ဖွဲ့များသည် TOGAN အမည်ရှိ ပြည်တွင်းထုတ် အသေးစား မောင်းသူမဲ့လေယာဉ် ပထမအသုတ်ကို လက်ခံရရှိခဲ့ခြင်း

တူကီယဲလုံခြုံရေးတပ်ဖွဲ့များသည် TOGAN အမည်ရှိ ပြည်တွင်းထုတ် အသေးစား မောင်းသူမဲ့လေယာဉ် ပထမအသုတ်ကို လက်ခံရရှိခဲ့ကြောင်း ကာကွယ်ရေးစက်မှုကဏ္ဍ အကြီးအကဲ အစ်မေးလ်ဒီမာ (Ismail Demir) က ပြောကြားခဲ့သည်ဟု Yeni Safak သတင်းဌာနက ဩဂုတ်လ ၁၂ ရက်တွင်ဖော်ပြခဲ့ပါသည်။ အဆိုပါမောင်းသူမဲ့လေယာဉ် များကို ကင်းထောက်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် ထောက်လှမ်းရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ TOGAN သည် လေထုအတွင်း ၄၅ မိနစ်ကြာနှင့် အကွာအဝေး ၁၀ ကီလိုမီတာ (၆.၂၁ မိုင်) အထိ ပျံသန်းနိုင်စွမ်းရှိ ကြောင်း သိရှိရပါသည်။

No comments:

Post a Comment