ဖင်လန်၊ ဆွီဒင်နှင့် တူကီယဲနိုင်ငံတို့မှ သံတမန်များသည် NATO အဖွဲ့ဝင်နိုင်ငံ များ၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဩဂုတ်လ ၂၆ ရက်တွင် ဖင်လန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး အန်လင်းဒီ (Ann Linde ) က ပြောကြားခဲ့သည်ဟု Arcti Today သတင်းဌာနက ဩဂုတ်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုသည် ဖင်လန်နှင့် ဆွီဒင် တို့၏ NATO အဖွဲ့ဝင်ဖြစ်ရေး ကိစ္စရပ်အတွက် အထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပီကာဟာဗစ်စ်စတို (Pekka Haavisto) အနေဖြင့်လည်း အနာဂတ်ကာလတွင် ဖင်လန်၊ ဆွီဒင်နှင့် တူကီယဲနိုင်ငံတို့မှ ကိုယ်စားလှယ် များအကြား အလှည့်ကျတွေ့ဆုံမှုများပြုလုပ်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။
No comments:
Post a Comment