Thursday, August 18, 2022

တူကီယဲနိုင်ငံခြားရေးဝန်ကြီးသည်ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့ခြင်း

 

    တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) သည် ၎င်းနိုင်ငံသို့ရောက်ရှိနေသော ကာဂျစ်စတန်နိုင်ငံခြားရေးဝန်ကြီး ဂျင်ဘက်ကူလူ ဘရေ့ဗ် (Jeenbek Kulubaev) နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံမဟာဗျူဟာစီမံကိန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက်အစည်းအဝေးကိုပြုလုပ်ခဲ့ကြောင်း Akipress သတင်းဌာနက ဩဂုတ်လ ၁၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံအကြား လက်ရှိဆက်ဆံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအလားအလာများ၊ ကဏ္ဍစုံတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည့်အပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံကုန်သွယ်ရေးပမာဏအား အမေရိကန် ဒေါ်လာ ဘီလီယံအထိ တိုးမြှင့်နိုင်ရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment