Friday, August 5, 2022

ဥရောပကော်မရှင်သည် ရွှေ့ပြောင်းနေထိုင်သူများအတွက် ယူရို ၁၇၁ သန်း ထောက်ပံ့ပေးသွားရန် စီစဉ်လျက်ရှိခြင်း

Finacialmirror; Aug-4 (Thu)

ဥရောပကော်မရှင်သည် ဆိုက်ပရပ်စ်၊ အီတလီ၊ စပိန်၊ ဂရိနှင့် ပိုလန်နိုင်ငံတို့မှ ရွှေ့ပြောင်းနေထိုင်သူများအား ကြိုဆိုလက်ခံခြင်း၊ ခိုလှုံခွင့်ပေးခြင်းနှင့် ပြန်လည် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ယူရို ၁၇၁ သန်း ကုန်ကျမည့် အစီအစဉ် များအား ထောက်ပံ့သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း Finacialmirror သတင်း ဌာနက ဩဂုတ်လ ၄ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါရန်ပုံငွေများအား ရွှေ့ပြောင်း နေထိုင်သူများအား လက်ခံခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ ပြန်လည်ပို့ဆောင်ခြင်းတို့နှင့် ဆက်စပ် လျက်ရှိသည့်စီမံကိန်းများအား ထောက်ပံ့ပေးသွားမည့်အပြင် အမျိုးသားအာဏာပိုင် များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက်လည်း ထောက်ပံ့ပေးအပ်ရန် ရည်ရွယ် ထားပါသည်။ ထို့ပြင် ဆိုက်ပရပ်စ်နိုင်ငံအတွက် ပေးအပ်သည့်ရန်ပုံငွေများအား အဆိုပါ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူများအတွက် နေထိုင်ရေးနှင့် ထွက်ခွာရေးဗဟို စင်တာများ တည်ဆောက်ရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။

ဂရိနိုင်ငံအတွက် ပေးအပ်သည့် ရန်ပုံငွေများအား ခိုလှုံခွင့်တောင်းခံသူများ အတွက် ကူညီထောက်ပံ့မှုများ လုပ်ဆောင်လျက်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းများ အတွက် အသုံးပြုသွားမည်ဖြစ်ပါသည်။ ထိုကဲ့သို့ အသုံးပြုရာတွင် ဂရိနိုင်ငံရှိ ကျောင်းနေ အရွယ်ဒုက္ခသည် ကလေးများအတွက် ပညာရေးဆိုင်ရာကူညီထောက်ပံ့မှုများ ပြုလုပ် သွားမည့်အပြင် အဘက်ဘက်မှအားနည်းလျက်ရှိသည့် ဒုက္ခသည်များအား ပိုမိုဦးစားပေး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် ၎င်းရန်ပုံငွေအား အီတလီနိုင်ငံအတွင်းရှိ ဒုက္ခသည်ကလေးများနှင့် အမျိုးသမီးအများစုကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြန်လည်ပို့ဆောင်ရေးနှင့် လက်ခံရေးဆိုင်ရာအစီအစဉ်များ၌ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment