Wednesday, August 24, 2022

အနောက်နိုင်ငံများ၏ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသည် လုံးဝကျရှုံးသွားကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ခြင်း


Xinhua; Sep-26(Mon)

ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများသည် ဥရောပကို ထိခိုက်ပျက်စီးစေခဲ့ပြီး လုံးဝကျရှုံးမှုတစ်ရပ်ဖြစ်စေသည်ဟု ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က စက်တင်ဘာလ ၂၅ ရက်တွင် ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဥရောပသမဂ္ဂ (EU) ၏ ရုရှားအပေါ်အရေးယူပိတ်ဆို့မှုများကြောင့် ဥရောပ၏ ငွေကြေးဖောင်းပွမှုသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး အသုံးစရိတ်များ၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းများနှင့် စားသောက်ကုန် ဈေးနှုန်းများမြင့်တက်လာကာ ဥရောပတိုက်၏ စီးပွားရေးသည်လည်း ဆုတ်ယုတ်သွား ခဲ့ကြောင်း ပီတာဆီဂျာတိုက ပြောကြားခဲ့ပါသည်။ ထို့ပြင် အဆိုပါအရေးယူပိတ်ဆို့မှု များသည် ရုရှားထက် ဥရောပကို ပိုမိုထိခိုက်စေပြီး EU ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်မှာ ထင်ရှားလာသောကြောင့် လုံးဝကျရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

ပီတာဆီဂျာတိုသည် ရုရှားအပေါ်ပြုလုပ်နိုင်ဖွယ်ရှိသော အဋ္ဌမမြောက်ဒဏ်ခတ် အရေးယူမှုအစီအစဉ်အား မှားယွင်းသောစီမံဆောင်ရွက်မှုအဖြစ် တံဆိပ်ကပ်ထားသော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက်များမချရသေးကြောင်းနှင့် တရားဝင် အဆိုပြုချက်ကိုပင် ယခုထိပြင်ဆင်ထားခြင်းမရှိသေးကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါ သည်။ ဟန်ဂေရီအမျိုးသားအကျိုးစီးပွားကိုထိခိုက်စေမည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို သဘောတူခွင့်ပြုမည်မဟုတ်ကြောင်း၊ စွမ်းအင်ထောက်ပံ့မှုလုံခြုံရေးသည် အန္တရာယ်စည်း အဖြစ် ရှိနေဆဲဖြစ်ပြီး စွမ်းအင်ထောက်ပံ့မှုကိုအန္တရာယ်ဖြစ်စေမည့် မည်သည့်ပိတ်ဆို့ အရေးယူမှုမျိုးကိုမဆို လက်ခံနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ EU သည် စီးပွားရေးဆုတ်ယုတ်မှုဆီသို့ ဦးတည်နေစဉ် အမေရိကန်စီးပွားရေးသည် EU ၏ အရေးယူပိတ်ဆို့မှုမူဝါဒများမှတစ်ဆင့် အောင်မြင်မှုအခွင့်လမ်းများရရှိနေခြင်းမှာ အငြင်းပွား ရာထက် ကျော်လွန်လျက်ရှိကြောင်း ပီတာဆီဂျာတိုက ၎င်း၏ထင်မြင်ချက်ကို ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment