Xinhua;Aug-22(Mon)
ဆားဘီးယားနိုင်ငံသည် ကိုဆိုဗိုမြောက်ပိုင်းတွင် ကားလိုင်စင်နံပါတ်ပြားများ၊ ခရီးသွားစာရွက်စာတမ်းများနှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်မှုအသစ်များကို လာမည့် ၁၀ ရက်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဘူစစ် (Aleksandar Vucic) က ဩဂုတ်လ ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါသည်။ ဆားဘီးယားနှင့် ကိုဆိုဗိုအကြား တင်းမာမှုများကို မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ၏ ကြားဝင်ဖျန်ဖြေမှုဆောင်ရွက်ရာတွင် အောင်မြင်မှုမရရှိပါက ဆားဘီးယားအစိုးရအနေဖြင့် ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား နှိပ်စက်ညှဉ်းပန်းမှုမှ ကာကွယ်ပေးမည်ဖြစ်ကြောင်း သမ္မတ ဘူစစ်က သတိပေးပြောကြား ခဲ့ပါသည်။ NATO အဖွဲ့၏တာဝန်မှာ ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများအား အကာအကွယ်ပေးရန်နှင့် ကိုဆိုဗိုရဲတပ်ဖွဲ့ဝင်များအား အိုက်ဘာ (Ibar) မြစ်ကို ကျော်လွန်ဖြတ်သန်းခြင်းမှ တားဆီး ပေးရန်ဖြစ်ပြီး ကိုဆိုဗိုသည် ရဲတပ်ဖွဲ့ဝင်များကို ဆားဘီးယားအနီး လူနေရပ်ကွက်များသို့ စေလွှတ်၍ ကိုဆိုဗိုအတွင်း အခြေအနေမတည်မငြိမ်ဖြစ်စေရန် လုပ်ဆောင်လျက်ရှိသည်ဟု သမ္မတ ဘူစစ်က စွပ်စွဲပြောကြားခဲ့ပါသည်။
ကိုဆိုဗိုအာဏာပိုင်များ၏ ရည်ရွယ်ချက်သည် လက်ကျန်ဆာ့ဘ်လူမျိုးများအား ညှဉ်းပန်းနှိပ်စက်ရန်နှင့် ကိုဆိုဗိုအတွင်း ဆားဘီးယားအချုပ်အခြာအာဏာပိုင်အဖြစ် ကျန်ရှိနေသောအရာများကို ပယ်ဖျက်ရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်က ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော်ဘရက်ဆဲလ်၌ပြုလုပ်သည့် ညှိနှိုင်းမှု အတွင်း ဆားဘီးယားနိုင်ငံ၏ အပြုသဘောဆောင်သော အဆိုပြုချက်အားလုံးကို ကိုဆိုဗိုက မကျေနပ်သည့်ပုံစံဖြင့်ပယ်ချခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ ကိုဆိုဗို သည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ တစ်ဖက်သတ်လွတ်လပ်ရေးကြေညာခဲ့သော်လည်း ဆားဘီးယားသည် ကိုဆိုဗို၏ကြေညာချက်ကိုပယ်ချခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ကိုဆိုဗိုသည် ၂၀၀၈ ခုနှစ်တွင် ဆားဘီးယားထံမှ တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာခဲ့သော်လည်း ဆားဘီးယားသည် ကိုဆိုဗို၏ကြေညာချက်ကိုပယ်ချခဲ့ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ်သာ သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ ကိုဆိုဗိုရှိအရာရှိ များသည် သြဂုတ်လ ၁ ရက်မှစတင်ကာ ဆားဘီးယားနိုင်ငံမှ ဝင်ရောက်လာသောယာဉ် များကို ကိုဆိုဗိုလိုင်စင်ပြားများ အစားထိုးလဲလှယ်ရန်စီစဉ်ခဲ့ပြီး ယခုလုပ်ဆောင်မှုမျိုးကို လွန်ခဲ့သော ၁၁ နှစ်အတွင်း ဆားဘီးယားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုသည် ၎င်း၏ ဆာ့ဘ်လူနည်းစုတိုင်းရင်းသားများကို နယ်စပ်ဖြတ်ကျော်သည့်အခါ ဆားဘီးယား နိုင်ငံသားများ၏ သက်သေခံကတ်ပြားများကိုသာအသုံးပြုမှုအား ပိတ်ပင်ရန် စီစဉ်လျက်ရှိ ပါသည်။ ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ်များအပါအဝင် နိုင်ငံသားတိုင်းအတွက် ကိုဆိုဗို မှတ်ပုံတင်ကတ်ပြားနှင့် လိုင်စင်နံပါတ်ပြားရှိရန် သြဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည့် ကိုဆိုဗိုဥပဒေသစ်မတိုင်မီ ဇူလိုင်လ ၃၁ ရက်တွင် နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုသည် ယခုအခါ နယ်နိမိတ်စည်းမျဉ်းသစ်ကို အကောင်အထည်ဖော်မည့်ရက်အား စက်တင်ဘာလ ၁ ရက်သို့ အချိန်တစ်လရွှေ့ဆိုင်းခဲ့ ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် NATO ၏ ကြားဝင်ဖျန်ဖြေပေးမှုကြောင့် ဘယ်လ်ဂျီယံ နိုင်ငံ၊ မြို့တော်ဘရက်ဆဲလ်၌ပြုလုပ်သည့် Belgrade-Pristina ဆွေးနွေးညှိနှိုင်းမှုအတွင်း ဆားဘီးယားနိုင်ငံ၏ အပြုသဘောဆောင်သော အဆိုပြုချက်အားလုံးကို ကိုဆိုဗိုက ပယ်ချခဲ့ပါသည်။ ထို့ကြောင့် ညှိနှိုင်းဆောင်ရွက်မှုများထပ်မံပြုလုပ်သည့်အခါတွင်လည်း ဆားဗီးယားနှင့် ကိုဆိုဗိုအကြား သဘောတူညီချက်တစ်စုံတစ်ရာမရရှိခဲ့ပါက ဆားဘီးယား အနေဖြင့် ၎င်း၏ ဆားဘီးယားပြည်သူများအား ကိုယ်တိုင်ကာကွယ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ ဆားဘီးယား-ကိုဆိုဗို ပဋိပက္ခမှာလည်း NATO နှင့် ဥရောပသမဂ္ဂအဖွဲ့ပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြအပ် ပါသည်။
No comments:
Post a Comment