Thursday, August 11, 2022
တူကီယဲသမ္မတသည် ဆလိုဗေးနီးယားသမ္မတနှင့် မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ခြင်း
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ၎င်းနိုင်ငံသို့ချစ်ကြည်ရေးခရီးလာရောက်သည့် ဆလိုဗေးနီးယားသမ္မတ ဘိုရက်ပါဟော့ရ် (Borut Pahor) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် သမ္မတအိမ်တော်၌ တွေ့ဆုံ၍ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ကြောင်း Hurriyet daily သတင်းဌာနက ဩဂုတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအပေါ် များစွာအထောက်အကူပြုကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံသံတမန်ရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ သိပ္ပံနှင့်နည်းပညာကဏ္ဍများအပြင် သယ်ယူပို့ဆောင်ရေး ဆိုင်ရာကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အာဒိုဂန်က ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Labels:
ဆလိုဗေးနီးယား,
တူကီယဲ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment