Thursday, August 11, 2022
ရုရှားနိုင်ငံမှ ဓာတ်ငွေ့ဝယ်ယူမှုအား ရပ်ဆိုင်းထားသည့်အစီအမံကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် ဘူလ်ဂေးရီးယားပြည်သူ ရာပေါင်း များစွာက သမ္မတအိမ်တော်ရှေ့၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ပြသခဲ့ခြင်း
ရုရှားနိုင်ငံမှ ဓာတ်ငွေ့ဝယ်ယူမှုအား ရပ်ဆိုင်းထားသည့်အစီအမံကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက် ဘူလ်ဂေးရီးယားပြည်သူ ရာပေါင်း များစွာက သမ္မတအိမ်တော်ရှေ့၌ ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ပြသခဲ့ကြောင်း Rferl သတင်းဌာနက ဩဂုတ်လ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆန္ဒပြပြည်သူများသည် ဘူလ်ဂေးရီးယားအိမ်စောင့်အစိုးရအား ရုရှားထံမှ ဓာတ်ငွေ့ဝယ်ယူမှုကို လက်ရှိအတိုင်း ရပ်ဆိုင်းထားရန် လိုလားလျက်ရှိသည့်အပြင် အနောက်နိုင်ငံများကို လိုလားသော အစိုးရဟောင်း၏မူဝါဒများကိုလည်း ဆက်လက်ထိန်းသိမ်းစေလိုလျက်ရှိပါသည်။ အဆိုပါ အိမ်စောင့်အစိုးရသည် ရုရှားထံမှ ဓာတ်ငွေ့ဝယ်ယူရေးအတွက် နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom နှင့် ညှိနှိုင်းမှုများ ပြန်လည် စတင်လုပ်ဆောင်လျက်ရှိသောကြောင့် အထက်ပါအတိုင်းဆန္ဒပြမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Labels:
စွမ်းအင်,
နိုင်ငံရေး,
ဘူလ်ဂေးရီးယား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment