Friday, August 5, 2022

တောင်ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံတို့သို့ ၇ ရက်ကြာခရီးစဉ်သွားရောက်မည်ဖြစ်ခြင်း

တောင်ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကင်ဂျင်ပျို (Kim Jin-pyo) သည် ပိုလန်နှင့်ရိုမေးနီးယားနိုင်ငံများသို့ ၇ ရက်ကြာခရီးစဉ်ထွက်ခွာခဲ့ကြောင်း Yonhap သတင်း ဌာနက ဩဂုတ်လ ၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်တွင် ဂျင်ပျိုသည် တောင်ကိုရီးယားနှင့် ၎င်းနှစ်နိုင်ငံအကြား လက်နက်ရောင်းချရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် သက်ဆိုင်ရာနိုင်ငံ များ၏ လွှတ်တော်ဥက္ကဋ္ဌများ၊ ဝန်ကြီးများနှင့်တွေ့ဆုံ၍ စီးပွားရေးနှင့် မဟာဗျူဟာ မြောက်ဆက်ဆံရေး မြှင့်တင်မည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါသည်။ လက်ရှိတွင် ပိုလန်သည် တောင်ကိုရီးယားနိုင်ငံထုတ် FA-50 အပေါ့စားတိုက်လေယာဉ်၊ K2 တိုက်ပွဲဝင်တင့်နှင့် K9 သံချပ်ကာယန္တရားတင်အမြောက်များဝယ်ယူရန် နှစ်နိုင်ငံ သဘောတူညီချက်ရရှိထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment