Tuesday, August 23, 2022

အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းအပေါ် ပါလက်စတိုင်းက ကြိုဆိုလျက်ရှိသည်ဆိုခြင်း

Xinhua; Aug-23(Tue)

အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းသည် ပါလက်စတိုင်းအရေးတွင် တူကီယဲနိုင်ငံ၏ ထောက်ခံအားပေးမှုအပေါ် အထောက်အကူဖြစ်စေ နိုင်သဖြင့် အဆိုပါဆက်ဆံရေးပြန်လည်ထူထောင်သည့်ကိစ္စရပ်အား ဂါဇာကမ်းမြောင် ဒေသကိုအုပ်ချုပ်နေသော ဟားမက်စ်အပါအဝင် ပါလက်စတိုင်းအာဏာပိုင်များက ကြိုဆို ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူက (Mevlut Cavusoglu) က ဩဂုတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ထိုကဲ့သို့ အစ္စရေးနှင့် တူကီယဲနိုင်ငံအကြား ဆက်ဆံရေးပြန်လည်ထူထောင်မှုသည် ပါလက်စတိုင်းအရေးကိစ္စနှင့်ပတ်သက်၍ တူကီယဲနိုင်ငံက အလျော့ပေးလိုက်ခြင်းဖြစ် သည်ဟု မဆိုလိုကြောင်းနှင့် ပါလက်စတိုင်းအရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု များကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာဗူဆိုဂလူက ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် (Mahmoud Abbas) သည် သမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့်တွေ့ဆုံရန် ဩဂုတ်လ ၂၃ ရက်တွင် တူကီယဲ မြို့တော် အန်ကာရာသို့ ရောက်ရှိစဉ်အတွင်း အထက်ပါပြောကြားချက်ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါသည်။ တူကီယဲနိုင်ငံခြားရေးဝန်ကြီးနှင့် ဟားမတ်စ်အဖွဲ့၏ နိုင်ငံရေးခေါင်းဆောင် အစ္စမေလ်းဟာနီယက် (Ismail Haniyeh) တို့သည်လည်း ဩဂုတ်လ ၈ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ တူကီယဲနှင့် အစ္စရေးနိုင်ငံတို့ သည် ၎င်းတို့၏ သံအမတ်ကြီးများအား ပြန်လည်ခန့်အပ်ကြောင်း ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဂျေရုစလင်မြို့တွင် အမေရိကန်သံရုံးဖွင့်လှစ်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုများအတွင်း ပါလက်စတိုင်းပြည်သူ ၆၀ ဦးခန့်အား အစ္စရေး တပ်ဖွဲ့က သတ်ဖြတ်ခဲ့ပြီးနောက် တူကီယဲနှင့် အစ္စရေးနိုင်ငံတို့သည် ၂၀၁၈ ခုနှစ်တွင် ၎င်းတို့၏ သံအမတ်ကြီးများကို အပြန်အလှန်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရှိ ရပါသည်။

No comments:

Post a Comment