Sunday, August 21, 2022

ဆားဘီးယားသမ္မတနှင့် အဇာဘိုင်ဂျန် သမ္မတတို့တွေ့ဆုံခဲ့ခြင်း

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် အဇာဘိုင်ဂျန် သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် ဩဂုတ်လ ၂၁ ရက်တွင် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း Trend သတင်းဌာနက ဩဂုတ်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း နှစ်နိုင်ငံနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်စွာဖွံ့ဖြိုးတိုးတက်လာမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ဆက်ဆံရေးတစ်ရပ် ထူထောင်နိုင်ခဲ့မှုကိုလည်း ဆားဘီးယားသမ္မတက ချီးကျူး ဂုဏ်ပြုခဲ့ပါသည်။ ထို့ပြင် စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာဆက်ဆံရေးအား တိုးချဲ့ ဆောင်ရွက်နေမှုအပြင် စိုက်ပျိုးရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောကဏ္ဍရပ် များတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment