Wednesday, August 10, 2022
ချက်သမ္မတနိုင်ငံသည် မြေပြင်ထိန်းချုပ်ရေးစခန်းများ၊ သတင်းအချက်အလက် စုဆောင်းရေးနေရာနှင့် သင်္ဘောကွန်တိန်နာတို့အပါအဝင် Heron မောင်းသူမဲ့လေယာဉ် ၃ စင်းဝယ်ယူရေးနှင့်ပတ်သက်၍ အစ္စရေးနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ စတင် ဆောင်ရွက်သွားမည်ဖြစ်ခြင်း
ချက်သမ္မတနိုင်ငံအနေဖြင့် မြေပြင်ထိန်းချုပ်ရေးစခန်းများ၊ သတင်းအချက်အလက် စုဆောင်းရေးနေရာနှင့် သင်္ဘောကွန်တိန်နာတို့အပါအဝင် Heron မောင်းသူမဲ့လေယာဉ် ၃ စင်းဝယ်ယူရေးနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ စတင် ဆောင်ရွက်သွားမည်ဟု ချက်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း The Defense Post သတင်းဌာနက ဩဂုတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဝယ်ယူမှုသည် ချက်သမ္မတနိုင်ငံစစ်ဘက်၏ စွမ်းဆောင်ရည်တည်ဆောက်မှုဆိုင်ရာ အယူအဆ (Capability Building Concept) အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါသည်။ Heron မောင်းသူမဲ့လေယာဉ်ဝယ်ယူရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစေ့စပ် ဆွေးနွေးညှိနှိုင်းမှုများအား ၂၀၂၂ ခုနှစ်အကုန်ပိုင်းတွင် အပြီးသတ်လုပ်ဆောင်သွားရန် မျှော်မှန်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု သိရှိရပါသည်။
Labels:
ချက်သမ္မတနိုင်ငံ,
စစ်ရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment