Saturday, June 19, 2021

တူရကီ၊ အာဖဂန်နစ္စတန်နှင့် အီရန်တို့သည် ၃ နိုင်ငံဆွေးနွေးပွဲအား ပြုလုပ်သွားမည်ဆိုခြင်း

                                                                         Anadolu Agency; Jun-19 (Sat)

              တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာနစ်အတ်မာ (Mohammad Hanif Atmar) နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျဗက်ဇာရစ် (Mohammad Javad Zarif) တို့သည် Antalya Diplomacy Forum အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နိုင်ငံ ဆွေးနွေးပွဲအား ဇွန်လ ၂၀ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Anadolu Agency က ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအား တူရကီနိုင်ငံ၏ နာမည်ကြီး အပန်းဖြေစခန်း Riviera ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လ ၂၀ ရက်မှစ၍                ရက်ကြာ  ပြုလုပ်သွားမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲအား အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ အစိုးရအဖွဲ့အကြီးအကဲဟောင်းများ နိုင်ငံတကာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်နှင့် အခြားသောအစိုးရအဖွဲ့ဝင်ဟောင်းများ တက်ရောက်သွားမည်ဖြစ်ပါသည်။

          ၎င်းဆွေးနွေးမှုအတွင်း အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လုံခြုံရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး စသည်တို့၌ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများအား ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ထို့ပြင် ဘော်လကန်ဒေသတွင်းကိစ္စရပ်များ၊ ဥရောပနိုင်ငံများ၏ အနာဂတ်အလားအလာ၊ အတ္တလန္တိတ်ဒေသဖြတ်ကျော်ဆက်သွယ်ဆက်ဆံရေးများ၊ ဒုက္ခသည်များနှင့် တရားမဝင် ရွှေ့ပြောင်းအခြေချနေထိုင်သူတို့၏အရေးကိစ္စများ၊ အကြမ်းဖက်မှုဆိုင်ရာခြိမ်းခြောက်မှုများ စသည့် ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စများနှင့်ပတ်သက်၍လည်း ထည့်သွင်းဆွေးနွေးသွား မည်ဖြစ်ပါသည်။ အလားတူ အရှေ့မြေထဲပင်လယ်ညီလာခံအတွက် တူရကီ၏အဆိုပြုချက် နှင့်ပတ်သက်၍လည်း ဆက်စပ်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment