Sunday, June 20, 2021

အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုများအားလက်ခံကြိုဆိုကြောင်း အာဖဂန်နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့ခြင်း

 ၂။           အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အမေရိကန်မှ ၎င်း၏တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းပြီးနောက် ကဘူးလ် (Kabul) လေဆိပ်အား ကာကွယ်ပေးမှုအပါအဝင် တူရကီနိုင်ငံ၏ အခြားကူညီထောက်ပံ့ပေးမှုများအား လက်ခံကြိုဆိုကြောင်း အာဖဂန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာနစ်အတ်မာ (Mohammad Hanif Atmar) က ဇွန်လ ၂၁ ရက်တွင်‌ ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၊ မြို့တော် ကဘူးလ်ရှိ လေဆိပ်အား စောင့်ကြပ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇွန်လ အစောပိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ တူရကီ၏ အထက်ပါအစီအစဉ်သည် အမေရိကန်နှင့်တာလီဘန်တို့အကြား သဘောတူညီချက်အား ချိုးဖောက်ရာရောက်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ရုရှားအထူးကိုယ်စားလှယ် ဇမ်မာကာဘူလို့ဗ် (Zamir Kabulov) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment