Friday, June 18, 2021

တူရကီနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို တိုက်ခိုက်ခံရမည် ဆိုလျှင် ပြင်သစ်နိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်ပေးသွားရန်အသင့်ရှိသည်ဆိုခြင်း

            တူရကီနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကို တိုက်ခိုက်ခံရမည် ဆိုလျှင် ပြင်သစ်နိုင်ငံအနေဖြင့် ကြားဝင်စေ့စပ်ပေးသွားရန်အသင့်ရှိကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး ဂျင်နီဗက်လီဒရိုင်ယန် (Jean-Yves Le Drian) က ဇွန်လ ၁၈ ရက်တွင် ပြည်တွင်း သတင်းဌာနတစ်ခုသို့ ပြောကြားခဲ့ပါသည်။ ပြင်သစ်နှင့် တူရကီအစိုးရတို့ အကြားဆက်ဆံရေးသည် နွေးထွေးသည့်အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့ကြောင်း ဒရိုင်ယန်က ထပ်လောင်းပြောကြားခဲ့ပါသည်။ တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်ဆဲလ် (Brussels) ၌ကျင်းပခဲ့သည့် NATO ထိပ်သီးအစည်းအဝေး၏ ဆက်စပ်ဆွေးနွေးပွဲအဖြစ် ဇွန်လ ၁၄ ရက်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment