Greekcitytimes;Jun-17(Thu)
ဂျာမနီနိုင်ငံအနေဖြင့် တူရကီသို့ ရေငုပ်သင်္ဘောပေးပို့မှုကို
ပိတ်ပင်တားမြစ်ရန် ငြင်းဆန်ခဲ့မှုသည် ဂရိနိုင်ငံ၏လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေကြောင်း
ဂရိ နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) က ဂျာမနီလူမှုဒီမိုကရက်တစ် ပါတီ (Social Democratic Party -SPD) အမတ်နီလ်ရှမစ်ဒ်
(Nils Schmid) နှင့် ဇွန်လ ၁၆ ရက်၌တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ တူရကီနိုင်ငံသို့
ရေငုပ်သင်္ဘောများတင်ပို့ ခြင်းကို တားမြစ်သည့်ဥပဒေကြမ်းကို SPD ပါတီက ကန့်ကွက်မဲပေးခဲ့ခြင်းနှင့်ပတ်သက်၍ စိတ်ပျက်မိကြောင်း ဒန်ဒီရက်စ်က ပြောကြားခဲ့ပါသည်။
ထို့ပြင် တူရကီနိုင်ငံသို့ ရေငုပ် သင်္ဘောတင်ပို့မှုနှင့်ပတ်သက်၍ ဒေသတွင်းမတည်မငြိမ်ဖြစ်မှုများ
ဆက်လက်ဖြစ်ပေါ် လာနိုင်ပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာသောနိုင်ငံများကို ထိခိုက်စေနိုင်ကြောင်း
ဒန်ဒီရက်စ်က ထပ်လောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် လစ်ဗျားအရေးနှင့်ပတ်သက်၍ ဘာလင်မြို့၌ပြုလုပ်မည့် ဝန်ကြီး များအဆင့်
ဒုတိယအကြိမ်အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသည့် အတွက်လည်း ဂရိနိုင်ငံအနေဖြင့် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါသည်။
ဂရိနှင့် လစ်ဗျားနိုင်ငံတို့သည် ပထဝီနယ်မြေအရထိစပ်မှုရှိပြီး
ဂရိနိုင်ငံအနေဖြင့် လစ်ဗျားနိုင်ငံရှိ အဖွဲ့အစည်းများနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများတွင် အဓိကပါဝင်သည့်နိုင်ငံလည်း ဖြစ်ပါသည်။
ထို့ပြင် ဂရိနိုင်ငံသည် လစ်ဗျားနိုင်ငံ၊ မြို့တော်ထရီပိုလီ (Tripoli) နှင့် ဘန်ဂါဇီ (Benghazi)မြို့များ၌ သံရုံးနှင့်
ကောင်စစ်ဝန်ရုံးရှိပြီး လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး
(UN High Commissioner for Refugee-UNHCR) အစီအစဉ်တို့တွင်လည်း
ပါဝင်သည့်နိုင်ငံအနည်းငယ်ထဲမှ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
ဂရိနှင့် တူရကီနိုင်ငံသည် ရေနံ/ သဘာဝဓာတ်ငွေ့ကြွယ်ဝသည့်
မြေထဲပင်လယ် အတွင်း ရေပိုင်နက်အငြင်းပွားမှုများနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြားတင်းမာမှုများ
ဖြစ်ပွားလျက်ရှိပါသည်။ တူရကီနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်၊
ဩဂုတ်လနှောင်းပိုင်းတွင် ၎င်း၏ Oruc Reis သုတေသနသင်္ဘောအား
အငြင်းပွားမြေထဲပင်လယ်အတွင်းသို့ စေလွှတ်၍ ပင်လယ်ရေအောက်ရှိ ရေနံ/ သဘာဝဓာတ်ငွေ့ရှာဖွေမှုများပြုလုပ်ခဲ့ပါသည်။ တူရကီနိုင်ငံ၏ Oruc Reis သုတေသနသင်္ဘောသည် နိုင်ငံတကာရေပိုင်နက်ကို ကျော်လွန်၍ မိမိတို့၏ အထူးသီးသန့်စီးပွားရေးဇုန်
(Exclusive Economic Zone-EEZ) အတွင်းအထိ
ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဂရိနိုင်ငံက တုံ့ပြန်ပြောကြားခဲ့ ပါသည်။ ထို့ကြောင့်
၎င်းတို့အကြား တင်းမာမှုများပိုမိုမြင့်တက်လာခဲ့ခြင်းနှင့်အတူ မြေထဲပင်လယ်အတွင်း
စစ်ရေးလေ့ကျင့်ခန်းများ အပြိုင်အဆိုင်ဆောင်ရွက်ခဲ့ပါသည်။ ဂရိနှင့် တူရကီနိုင်ငံတို့သည်
မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) ၏ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အလျောက် ၎င်းတို့အကြား
ပဋိပက္ခများနှင့်ပတ်သက်၍ ကျန်ရှိသည့် အင်အားကြီး NATO အဖွဲ့ဝင်နိုင်ငံအချို့က ကြားဝင်စေ့စပ်ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဂရိနှင့် တူရကီတို့အကြား စေ့စပ် ညှိနှိုင်းမှုများ
စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဂျာမနီနိုင်ငံသည် ကမ္ဘာ့လက်နက်တင်ပို့မှု၏ ၅.၅ ရာခိုင်နှုန်းအား
ပိုင်ဆိုင်ထားလျက်ရှိပြီး လက်နက်တင်ပို့မှုအများဆုံး ၄ နိုင်ငံ မြောက်လည်းဖြစ်ပါသည်။ ဂျာမနီနှင့် ဂရိနိုင်ငံတို့သည်
EU အဖွဲ့ဝင်နိုင်ငံများဖြစ်သော်လည်း EU
အဖွဲ့ဝင်မဟုတ်သည့်၊ သို့မဟုတ် EU သို့ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ရောက်ရန်
ကြိုးပမ်းလျက်ရှိသည့် တူရကီသို့ ဦးစားပေးလက်နက်တင်ပို့ရောင်းချခြင်းမှာ နိုင်ငံ အကျိုးစီးပွားကိုသာ
ရှေးရှုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဂျာမနီနိုင်ငံသည် တူရကီသို့ ၎င်း၏ရေငုပ်သင်္ဘောများ
ရောင်းချခဲ့မည်ဆိုပါက ဒေသတွင်း၌ တူရကီနိုင်ငံအနေဖြင့် ဂရိနိုင်ငံထက် စစ်ရေးအင်အားချိန်ခွင်လျှာ
ပိုမိုသာလွန်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် ဂရိနိုင်ငံသည် ဂျာမနီမှ တူရကီသို့ ရေငုပ်သင်္ဘောများရောင်းချမှုမရှိစေရေး
နိုင်ငံတကာ အကူအညီရယူ၍ ကန့်ကွက်သွားမည်ဖြစ်သည့်အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်
မဟာမိတ်ဖွဲ့ကာ အကူအညီများရရှိရေး ကြိုးပမ်းလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်တင်ပြ အပ်ပါသည်။
No comments:
Post a Comment