၈။ ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) နှင့် ဂျာမနီသမ္မတ ဖရန့်ဝေါလ်တာ စတိန့်မိုင်ယာ (Frank-Walter Steinmeier) တို့သည် ၁၉၉၁ ခုနှစ်တွင် နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့သည့် အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (Treaty of Good Neighbourship and Friendly Cooperation)၏ နှစ် ၃၀ ပြည့် အခမ်းအနားအား ဇွန်လ ၁၇ ရက်တွင် ပိုလန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါအခမ်းအနား၌ ၎င်းတို့သည် ဘီလာရုဇ်နှင့် ယူကရိန်းနိုင်ငံတို့၏ လက်ရှိဖြစ်ပေါ်လျက်ရှိသည့်အခြေအနေများအပါအဝင် ဥရောပသမဂ္ဂ၏ အနာဂတ်အစီအစဉ်များနှင့် ဂျာမနီနှင့်ရုရှားနိုင်ငံအကြား တည်ဆောက်လျက်ရှိသော Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ပိုလန်နှင့်ဂျာမနီနှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများရှိသော်လည်း နှစ်နိုင်ငံခေါင်းဆောင် များသည် သမိုင်းကြောင်းအရ နီးကပ်သည့်မိတ်ဖက်ဆက်ဆံရေးအပေါ် အလေးထား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment