Sunday, June 20, 2021

ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးသည် အထူးထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးကောင်စီ ဆွေးနွေးပွဲသို့တက်ရောက်မည်ဆိုခြင်း

 ၉။         ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ခရစ်တိုဒိုလီဒက်စ် (Nikos Christodou lides) သည် ယခုသီတင်းပတ်အကုန်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်ဆဲလ် (Brussels) ၌ ကျင်းပပြုလုပ်မည့် အထူးထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများကောင်စီဆွေးနွေးပွဲသို့ တက်ရောက်ရန် ဇွန်လ ၂၀ ရက်တွင် လူဇင်ဘတ်နိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း ဆိုက်ပရပ်စ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် အဆိုပါတွေ့ဆုံမှု အတွင်း ဥရောပသမဂ္ဂ-တူရကီဆက်ဆံရေးအပါအဝင် လက်ဘနွန်နှင့် အင်ဒိုနီးရှား နိုင်ငံတို့၌ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထို့ပြင် ဥရောပသမဂ္ဂနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေး၊ အရှေ့အလယ်ပိုင်းဒေသအရေး၊ အီသီယိုးပီးယားနှင့် မာလီတို့၏ အခြေအနေများအပါအဝင် ဆားဘီးယားနှင့် ကိုဆိုဗိုပဋိပက္ခများနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment