Friday, June 18, 2021

တူရကီ၊ အာဖဂန်နစ္စတန်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည် Antalya Diplomacy Forum ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဇွန်လ ၂၀ ရက်မှစ၍ ၃ ရက်ကြာ ၃ နိုင်ငံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဆိုခြင်း

            တူရကီ၊ အာဖဂန်နစ္စတန်နှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့သည် Antalya Diplomacy Forum ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဇွန်လ ၂၀ ရက်မှစ၍ ၃ ရက်ကြာ ၃ နိုင်ငံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Anadolu Agency သတင်း ဌာနက ဇွန်လ ၁၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှုအတွင်း အာဖဂန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လုံခြုံရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးတို့၌ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအစိုးရ အကြီးအကဲ ၁၀ ဦး၊ နိုင်ငံခြားရေးဝန်ကြီး ၄၂ ဦး၊ အစိုးရအကြီးအကဲဟောင်း ၃ ဦး၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်နှင့် အခြားသော အစိုးရ အဖွဲ့ဝင်ဟောင်းများ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment