၆။ တူရကီနိုင်ငံခြားရေးဝန်ကြီး မဲလ်ဗက်ကာဗူဆိုဂလူ (Melvet Cavusoglu) သည် တူရကီတောင်ပိုင်းရှိ အန်တယ်လ်ရာ (Antalya) မြို့၌ကျင်းပပြုလုပ်မည့် သံတမန်ရေး ဆိုင်ရာဆွေးနွေးပွဲ (Antalya Diplomacy Forum) အတွင်း ထိပ်တန်းသံတမန်များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံခဲ့ပါသည်။ Antalya သံတမန်ရေးဆိုင်ရာဆွေးနွေးပွဲအား ဇွန်လ ၁၉ ရက်မှ ၂၁ ရက်ထိ ၃ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး တူရကီနိုင်ငံ၏ ကမ္ဘာ့မိတ်ဖက်နိုင်ငံများမှ နိုင်ငံအကြီးအကဲ ၁၀ ဦး၊ နိုင်ငံခြားရေးဝန်ကြီး ၄၂ ဦးနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ဥရောပ၏ အနာဂတ် လုပ်ငန်းစဉ်များ၊ အတ္တလန္တိတ်ဖြတ်ကျော်ကူးလူးဆက်ဆံရေး၊ ရွှေ့ပြောင်းဒုက္ခသည် များအရေးနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများအပါအဝင် ကမ္ဘာလုံးဆိုင်ရာအရေး ကိစ္စရပ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment