Sunday, June 20, 2021

တူရကီနှင့်စပိန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် ဥရောပသမဂ္ဂဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဗီဒီယိုကွန်းဖရင့်မှတစ်ဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း

 ၁၀။        တူရကီနှင့် စပိန်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးအပါအဝင် ဥရောပသမဂ္ဂ ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက် ဇွန်လ ၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲအား တူရကီဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖာရက်ခ်ကေမက်ခ်စီ (Faruk Kaymakci) နှင့် ဥရောပသမဂ္ဂဆိုင်ရာ စပိန်ဝန်ကြီး ဟွမ်ဂွန်ဇာတ်ဘာဘာ (Juan Gonzalez Barba) တို့သည် ၎င်းဆွေးနွေးပွဲအား ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၎င်းတို့နှစ်ဦးသည် ဆွေးနွေးပွဲအတွင်း  ()ကြိမ်မြောက် တူရကီ-စပိန် အစိုးရထိပ်သီးအစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်ရေး၊ နှစ်နိုင်ငံဆက်ဆံမှုတိုးမြှင့်ရေးနှင့် တူရကီ-ဥရောပသမဂ္ဂ ဆက်ဆံရေးကို အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

No comments:

Post a Comment