Friday, June 11, 2021

ယူဂန္ဓာနှင့် ချက်သမ္မတနိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ခြင်း

ယူဂန္ဓာနှင့် ချက်သမ္မတနိုင်ငံတို့သည် ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ်အား ဇွန်လ ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ယူဂန္ဓာကာကွယ်ရေးဝန်ကြီးဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ထို့ပြင် နှစ်နိုင်ငံစစ်ဘက် တပ်ဖွဲ့ဝင်များအကြား  ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်ရေး နှင့် ပိုမိုခိုင်မာသည့်ဆက်ဆံရေးအား တည်ဆောက်သွားရန်တို့အတွက်လည်း သဘော တူညီမှုရရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အား ယူဂန္ဓာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ခရီးရောက်ရှိနေ သည့် ချက်နိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး သောမတ်စ်ကိုပက်နီ (Tomas Kopecny)နှင့် ယူဂန္ဓာနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး ရှာလီအမ်ဂိုလာ (Charles Engola) တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment