Tuesday, June 8, 2021

ကာဂျစ္စတန်သမ္မတနှင့်နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့တူရကီနိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာခဲ့ခြင်း


    ကာဂျစ္စတန်သမ္မတ ဆာဒါဇာပါရော့ဗ် (Sadyr Zhaparov) နှင့် နိုင်ငံခြားရေး ဝန်ကြီး ရူစလန်ကာဇာဘာရပ်ဗ် (Ruslan Kazakbaev) တို့ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် တူရကီနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့ကြောင်း သတင်း အရင်းအမြစ်တစ်ခုက ဇွန်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သမ္မတ ဆာဒါဇာပါရော့ဗ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။ ထို့ပြင် တူရကီနိုင်ငံ၌ ရောက်ရှိလျက် ရှိသော ကာဂျစ္စတန်နိုင်ငံသား ကျောင်းသားများ၊ အလုပ်သမားအဖွဲ့အစည်းများအပြင် လူမှုရေးဆိုင်ရာအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

No comments:

Post a Comment