Wednesday, June 9, 2021

ပိုလန်နိုင်ငံသည်တူရကီနိုင်ငံထုတ်မောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ်၂၄စီးအားဝယ်ယူသွားရန်ပိုလန်ကာကွယ်ရေးဝန်ကြီးပြောကြားခဲ့ခြင်း

        ပိုလန်နိုင်ငံအနေဖြင့် တူရကီနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့ တိုက်ခိုက်ရေးလေယာဉ် ၂၄ စီးအား ဝယ်ယူသွားမည်ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေး ဝန်ကြီး မာရွတ်ဇ်ဘလာဇက် (Mariusz Blaszczak) က ထုတ်ဖော်ပြောကြားခဲ့သည်ဟု Informnapalm သတင်းဌာနက ဇွန်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပိုလန်သမ္မတ အန်ဒါဇဂ်ဒူဒါ (Andrzej Duda)သည် ၂၀၂၁ ခုနှစ်၊ မေလ ၂၃ ရက်တွင် တူရကီနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးနောက် မောင်းသူမဲ့လေယာဉ်များ ဝယ်ယူရေးဆိုင်ရာ သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါသဘောတူညီချက် အရ Bayraktar TB2 မောင်းသူမဲ့လေယာဉ် ပထမအသုတ် ၆ စီးသည် လာမည့် ၂၀၂၂ ခုနှစ်တွင် ပိုလန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပါသည်။ လက်ရှိတွင် တူရကီနိုင်ငံထုတ် Bayraktar TB2 မောင်းသူမဲ့လေယာဉ်များအား အဇာဘိုင်ဂျန်၊ လစ်ဗျား၊ မော်ရိုကို နိုင်ငံတို့တွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment