၇။ အီရန်နိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက် (Ilham Aliyev) ၏ ၆ နိုင်ငံ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး စင်္ကြံတည်ဆောက်ရေး အဆိုပြုချက်ကို ကြိုဆိုကြောင်း အဇာဘိုင်ဂျန်နိုင်ငံဆိုင်ရာ အီရန်သံအမတ် ဆေးယက် အာဘတ်မိုဆာဗီ (Seyyed Abbas Mousavi) က ဇွန်လ ၂၁ ရက်တွင် Trend သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ သမ္မတ အလီယက်သည် ရုရှား၊ အီရန်၊ တူရကီ၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် အာမေးနီးယားနိုင်ငံတို့အကြား အလွန်ကောင်းမွန် သည့် စင်္ကြံတစ်ရပ်တည်ဆောက်သွားရန် အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ မိမိတို့ ၆ နိုင်ငံ၏ ခေါင်းဆောင်များအကြား အစည်းအဝေးသည် မကြာမီအချိန်အတွင်း ကျင်းပနိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်းနှင့် ဒေသတွင်းစဉ်ဆက်မပြတ်တည်ငြိမ်ရေးအတွက် စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း မိုဆာဗီက ပြောကြား ခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment