Friday, June 11, 2021

အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့၏ ထိပ်သီးအရာရှိများသည် ကိုဆိုဗိုသို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ခြင်း

 

ABC;May-31(Mon)

              ကိုဆိုဗိုနှင့် ဆားဘီးယားတို့အကြား ဆက်ဆံရေးပုံမှန်ပြန်လည်တည်ဆောက် နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲပြန်လည်စတင်နိုင်ရေး တိုက်တွန်းရန်အတွက် မေလ ၃၁ ရက်၌ အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့တို့မှ ထိပ်သီးသံတမန်များ ကိုဆိုဗိုသို့ ချစ်ကြည်ရေးရီးသွားရောက်ခဲ့ကြပါသည်။  

သုံးသပ်ချက်  

              ကိုဆိုဗိုပြည်နယ်သည် ယူဂိုဆလားဘီးယားပြည်ထောင်စု ဆားဘီးယားသမ္မတ နိုင်ငံတွင်ပါဝင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပါသည်။ ကိုဆိုဗိုပါလီမန်သည် ရုရှားနှင့် ဆားဘီးယားတို့မှ အပြင်းအထန်ကန့်ကွက်နေသည့်ကြားမှပင် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် တစ်ဖက်သတ်လွတ်လပ်ရေးကြေညာခဲ့ပါသည်။ ဆားဘီးယားနိုင်ငံက ကိုဆိုဗိုလွတ်လပ်ရေး အား မည်သည့်အခါမျှ အသိအမှတ်မပြုနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) လက်ထက်တွင် နိုင်ငံအားတိုးတက်လာစေရန် ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် ကြိုးပမ်းလျက် ရှိပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ဆားဘီးယားနိုင်ငံအား ကိုဆိုဗိုနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်းဖြစ်လျှင် အဖွဲ့ဝင်နိုင်ငံဖြစ်လာမည်ဟု ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် ဆားဘီးယားအနေဖြင့် ကိုဆိုဗိုအား နိုင်ငံအဖြစ် လုံးဝအသိအမှတ်မပြုသော်လည်း ဥရောပသမဂ္ဂသို့ဝင်ရောက်ရာတွင် လွယ်ကူစေရန် ဆားဘီးယား-ကိုဆိုဗိုဆွေးနွေးပွဲ ဆက်လက်၍ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြီးတန်းအရာရှိတစ်ဦးနှင့် ဥရောပသမဂ္ဂသံတမန်တို့သည် ဆားဘီးယား- ကိုဆိုဗို ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကိုဆိုဗိုသို့ ၂ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်ရှိလျက်ရှိပါသည်။ ကိုဆိုဗိုအစိုးရအနေဖြင့် အဆိုပါသံတမန်များနှင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးကိုသာ အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး ဆားဘီးယားနိုင်ငံ နှင့်တွေ့ဆုံနိုင်ရေး ထည့်သွင်းဆွေးနွေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ ကိုဆိုဗိုအနေဖြင့် ၎င်းအား နိုင်ငံအဖြစ်အသိအမှတ်မပြုသော ဆားဘီးယားနှင့် ဆွေးနွေးမှု များပြုလုပ်ရာတွင် တင်းမာသောဆောင်ရွက်မှုများကိုသာ လုပ်ဆောင်လျက်ရှိပါသည်။ ထို့ကြောင့် လူမျိုးရေး၊ ဘာသာရေးကိုအခြေခံကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဝင်ရောက်စွက်ဖက်မှုများသည် ဆားဘီးယားနှင့် ကိုဆိုဗိုအကြား ပုံမှန်ဆက်ဆံရေးပြန်လည်တည်ဆောက်ရန် နှောင့်နှေး ကြန့်ကြာနေဦးမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment