၈။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussel) မြို့၌ပြုလုပ်မည့် နေတိုးထိပ်သီး ဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလိုတွင် ဂရိကမ်းရိုးတန်းကင်းလှည့်ရေယာဉ် ၁ စီးအား တူရကီ၏ ကင်းလှည့်ရေယာဉ် ၁ စီးက နှောင့်ယှက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဂရိကမ်းခြေစောင့်တပ်ဖွဲ့က ဇွန်လ ၁၃ ရက်တွင် ပြောကြားခဲ့ပါသည်။ လက်စ်ဘို့စ် (Lesbos) ကျွန်း၏ အေဂျီယန်ပင်လယ်အရှေ့ဘက်တွင်ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့သော်လည်း ဂရိကင်းလှည့်ရေယာဉ်သည် တူရကီ ကမ်းခြေစောင့်ကင်းလှည့်ရေယာဉ်၏ နှောင့်ယှက်တိုက်ခိုက်မှုများကြောင့် အသေးစား ထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ၎င်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါသည်။ ဂရိဝန်ကြီးချုပ် ကာရီယာကော့စ်မစ်ဆိုတားကစ် (Kyriakos Mitsotakis) သည် ဇွန်လ ၁၄ ရက်တွင် ပြုလုပ်မည့် နေတိုးထိပ်သီးဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် ကောင်းမွန်လာစေရေးအတွက် တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment