Sunday, January 2, 2022

လစ်သူရေးနီးယား-ဘီလာရုဇ်နယ်စပ်မှအီရတ်ရွှေ့ပြောင်းအခြေချ နေထိုင်သူများဘဂ္ဂဒက် (Baghdad) မြို့သို့ ပြန်လည်စေလွှတ်ခဲ့ခြင်း

    လစ်သူရေးနီးယားအစိုးရအနေဖြင့် လစ်သူရေးနီးယား-ဘီလာရုဇ်နယ်စပ်မှ တစ်ဆင့် နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည့် အီရတ်ရွှေ့ပြောင်းအခြေချ နေထိုင်သူ ၉၈ ဦးအား လေယာဉ်ဖြင့် ဘဂ္ဂဒက် (Baghdad) မြို့သို့ ပြန်လည်စေလွှတ် ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အန်ဂဲလ်ဘိုင်လိုတိုက် (Agne Bilotaite) က ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ လစ်သူရေးနီးယားအစိုးရအနေဖြင့် ၎င်းတို့အား ပြန်လည်စေလွှတ်ရန်အတွက် ယူရို ၁,၀၀၀ ထောက်ပံ့ပေးခဲ့ခြင်းကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူတစ်ဦးလျှင် ကုန်ကျစရိတ်မည်မျှရှိသည်ကို ခန့်မှန်း၍ရနိုင်ကြောင်းနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူတစ်ဦးအား ထိန်းသိမ်းထားရမည်ဆိုပါက အခြေခံကုန်ကျ စရိတ်မှာ တစ်နှစ်လျှင် ယူရို ၁၁,၀၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူများနှင့်စပ်လျဉ်း၍ ပဋိပက္ခဖြစ်ပေါ် ချိန်မှစ၍ လစ်သူရေးနီးယားအနေဖြင့် ဘီလာရုဇ်နိုင်ငံမှတစ်ဆင့် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအခြေချနေထိုင်သူဦးရေ ၅၀၀ ကျော်အား နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအချိန်တွင် လစ်သူရေးနီးယားဒုက္ခသည်စခန်းများ၌ ရွှေ့ပြောင်း အခြေချနေထိုင်သူ ၃,၀၀၀ ကျော်ခန့် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment