Monday, January 31, 2022
ခရိုအေးရှားနှင့် ဗြိတိန်နိုင်ငံတို့သည် ဥရောပအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း တို့တွင် တင်းမာမှုများမြင့်တက်နေစဉ်အတွင်း နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးကို ပိုမို ခိုင်မာအားကောင်းစေရေးလုပ်ဆောင်သွားမည်ဆိုခြင်း
ခရိုအေးရှားနှင့် ဗြိတိန်နိုင်ငံတို့သည် ဥရောပအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း တို့တွင် တင်းမာမှုများမြင့်တက်နေစဉ်အတွင်း နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးကို ပိုမို ခိုင်မာအားကောင်းစေရေးလုပ်ဆောင်သွားရန် ဖေဖော်ဝါရီလ ၁ ရက်တွင် သဘော တူညီခဲ့ကြကြောင်း Anadolu Agency သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ ခရိုအေးရှားကာကွယ်ရေးဝန်ကြီး မာရီယိုဘနိုဇစ် (Mario Banozic) သည် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ် (Ben Wallace) နှင့် ခရိုအေးရှားနိုင်ငံ ဇာဂရက် (Zagreb) မြို့တော်၌ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေသော အကျပ်အတည်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် ရုရှား-ယူကရိန်းနယ်စပ်တင်းမာမှုများအား လျှော့ချနိုင်ရန်အတွက် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဝေါလေ့စ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
Labels:
ခရိုအေးရှား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment