Wednesday, January 19, 2022
ဟန်ဂေရီဝန်ကြီးချုပ်သည် ရုရှားသို့ချစ်ကြည်ရေးခရီး သွားရောက်ရန်စီစဉ်ထားရှိခြင်း
ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) သည် ဖေဖော်ဝါရီလ ၁ ရက်တွင် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် စီစဉ်လျက်ရှိကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဆီဂျာတို (Peter Szijjarto) က ဇန်နဝါရီလ ၂၀ ရက်တွင် Tass သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အော်ဘန်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး နှင့်စပ်လျဉ်း၍ အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ ထို့ပြင် ဟန်ဂေရီနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်းကို ယခုနှစ်ပထမပတ်ကာလအတွင်း စတင်အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုလားလျက်ရှိပြီး နျူကလီးယားဓာတ်ပေါင်းဖို ၂ ခုကိုလည်း ယခုဆယ်စုနှစ်အတွင်း အပြီးသတ်ဆောက်လုပ်ဆောင်ရွက်လိုကြောင်း ဆီဂျာတိုက ထပ်လောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးချုပ် အော်ဘန်နှင့် သမ္မတ ပူတင်တို့သည် ၂၀၁၉ ခုနှစ်ကလည်း ဟန်ဂေရီနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Labels:
နိုင်ငံရေး,
ဟန်ဂေရီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment