Saturday, January 29, 2022

တူရကီလုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံအရှေ့ပိုင်းရှိ Mus စီရင်စုတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာစစ်ဆင်ရေးသစ်တစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ခြင်း

တူရကီလုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံအရှေ့ပိုင်းရှိ Mus စီရင်စုတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာစစ်ဆင်ရေးသစ်တစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးဌာနက ဇန်ဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ Eren Winter-17 (Mus-Senyayla) ဟု အမည်ပေးထားသည့် အဆိုပါစစ်ဆင်ရေးတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် စစ်ဆင်ရေးအဖွဲ့ ၇၄ ဖွဲ့အပါအဝင် တပ်ဖွဲ့ဝင်စုစုပေါင်း ၁,၀၇၁ ဦး ပါဝင်လေ့ကျင့်သွားမည်ဖြစ်ပါသည်။ တူရကီနိုင်ငံသည် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၁၁ ရက်တွင် PKK အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် Eren Bulbul ၏ အမည်ကိုအစွဲပြု၍ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ အဆိုပါစစ်ဆင်ရေးများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment