တူရကီနိုင်ငံအနေဖြင့် နိုင်ဂျီးရီးယားနိုင်ငံအတွင်း မတည်ငြိမ်မှုများအား အဆုံး သတ်စေနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးသွားမည်ဟု နိုင်ဂျီးရီးယားနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး ဟီဒါယက်ဘေရက်တာ (Hidayet Bayraktar)က ပြောကြား ခဲ့ကြောင်း Sun news online သတင်းဌာနက ဇန်နဝါရီလ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် နိုင်ငံအတွင်းရှိ အကြမ်းဖက်အဖွဲ့များအား တိုက်ခိုက်နှိမ်နင်းခဲ့သည့် အတွေ့အကြုံများဖြင့် နိုင်ဂျီးရီးယားနိုင်ငံအတွင်း အနောက်အာဖရိကပြည်နယ်ရှိ IS စစ်သွေးကြွများ (ISWAP)၊ ဘိုကိုဟာရမ်စစ်သွေးကြွများနှင့် အခြားသောရာဇဝတ်မှု များကိုလည်း အလားတူနှိမ်နင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘေရက်တာက နိုင်ဂျီးရီးယားနိုင်ငံရှိ Daily Sun သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့ ပါသည်။ ထို့ပြင် နိုင်ဂျီးရီးယားနှင့်တူရကီနိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ အကျိုးအမြတ်ရရှိစေနိုင်သည့် အခြေအနေတွင်ရှိသည်ဟု ဘေရက်တာက ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment