IST; Jan-20(Thu)
ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့သည် အနာဂတ်ကာလ၌ အစ္စရေးနိုင်ငံ၏ အမျိုးသား လုံခြုံရေးအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုဖြစ်စေမည့် နိုင်ငံများဖြစ်လာနိုင်သည်ဟု အီတလီနိုင်ငံရေးအကြံပေး ဆာဂျီအိုရက်စတဲလီ (Sergio Restelli) က The Times of Israel သတင်းဝဘ်ဆိုက်၌ရေးသားခဲ့ကြောင်း IST သတင်းဝဘ်ဆိုက်က ဇန်နဝါရီလ ၂၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိအချိန်၌ အီရန်နိုင်ငံသည် အစ္စရေး၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် တာဂျစ်ကစ္စတန်နိုင်ငံတွင်းရှိ အာဖဂန် ဒုက္ခသည်များအားကူညီပေးမှုသည် အနာဂတ်ကာလ၌ အစ္စရေး၏လုံခြုံရေးကိုကာကွယ်ရန် အတွက် မှန်ကန်သည့်ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ကြောင်း၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံ တို့သည် အထူးသဖြင့် အစ္စရေး၏နယ်စပ်ဒေသများ၏လုံခြုံရေးအား ခြိမ်းခြောက်မှု ဖြစ်စေမည့်နိုင်ငံများဖြစ်လာမည်ဖြစ်ကြောင်းလည်း ၎င်းက ရေးသားထားခဲ့ပါသည်။
အီရန်နိုင်ငံသည် ဟားမတ်စ်စစ်သွေးကြွအဖွဲ့အား လက်နက်များထောက်ပံ့ ပေးခြင်းနှင့် စစ်သင်တန်းများပေးခြင်းတို့ကိုဆောင်ရွက်၍ အစ္စရေးနှင့်ထိစပ်နေသည့် နယ်စပ်ဒေသမှ ဒေသခံများအား ၎င်းတို့ကိုယ်ပွားဖြစ်လာစေရေး အတွေးအခေါ်များ သွတ်သွင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ကြောင်း၊ တူရကီနိုင်ငံသည် အစ္စရေးနိုင်ငံ အပေါ် အဓိကပစ်မှတ်ထား၍ တိုက်ခိုက်နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၌ သိသာ ထင်ရှားစွာ ပါဝင်ပတ်သက်မှုများရှိလာသဖြင့် အစ္စရေး၏လုံခြုံရေးအား ခြိမ်းခြောက်မှု ဖြစ်စေမည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည့်အပြင် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက ပါကစ္စတန်နိုင်ငံ၌ မကြာခဏဖြစ်ပွားလျက်ရှိသည့် အစ္စရေးဆန့်ကျင်ရေးဆန္ဒပြမှုများ သည်လည်း မြင့်တက်လျက်ရှိကြောင်း ရက်စတဲလီက ထည့်သွင်းရေးသားထားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် အီဗရာဟင်ငြိမ်းချမ်းရေးသဘောတူညီချက်၌ လက်မှတ်ရေးထိုးခဲ့သည့် အချိန်မှစ၍ အီရန်နှင့် ၎င်း၏မိတ်ဖက်နိုင်ငံများထံမှကြီးမားသည့် အမျိုးသားလုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment