Tuesday, January 11, 2022
ဘင်္ဂလားဒေ့ရှ်နှင့် တူရကီနိုင်ငံတို့သည် လုံခြုံရေးနှင့်အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင် လက်မှတ်ရေးထိုးခဲ့ခြင်း
NEWSXPRES;Jan-10(Mon)
ဘင်္ဂလားဒေ့ရှ်နှင့်တူရကီနိုင်ငံတို့သည် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုတို့အား နှိမ်နင်းရန်အတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်စောင်အား ဇန်နဝါရီလ ၈ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း NEWSXPRES သတင်းဌာနက ဇန်နဝါရီလ ၁၀ ရက်၌ ဖော်ပြခဲ့ပါသည်။ တူရကီနိုင်ငံသည် ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) ထိပ်သီးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ပထမဆုံးအသိအမှတ်ပြုခဲ့သည့်နိုင်ငံဖြစ်ပါသည်။ ထိုအချိန်မှစ၍ နှစ်နိုင်ငံဆက်ဆံရေးသည် အကောင်းအဆိုးဒွန်တွဲမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါကုန်သွယ်ရေး ကဏ္ဍအပါအဝင် အခြားသောပူးပေါင်းဆောင်ရွက်ရေးလုပ်ဆောင်မှုများကိုလည်း အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
တူရကီနိုင်ငံ၏ ပြည်ပအသားတင် စစ်လက်နက်ပစ္စည်းရောင်းချမှုသည် ၂၀၂၁ ခုနှစ် ပထမ ၄ လပတ်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိသည့်အနက် တူရကီမှဘင်္ဂလားဒေ့ရှ်သို့ အမေရိကန်ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ တင်သွင်းခဲ့ပါသည်။ သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်သည်တူရကီနိုင်ငံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူသည့် စတုတ္ထမြောက်နိုင်ငံဖြစ်ပါသည်။ ထိုကဲ့သို့ အပြန်အလှန်ဆက်ဆံရေးသည် တူရကီနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အပြန်အလှန်အရေးပါမှုကိုဖော်ပြနေခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင်ဆောင်ရွက်ခဲ့သော တူရကီနိုင်ငံ၏ အာရှဒေသ နိုင်ငံများနှင့် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (Asia Anew Initiative-ANI) အရ တူရကီသည် အာရှဒေသနိုင်ငံများနှင့်သံတမန်ဆက်ဆံရေးများတိုးမြှင့်ရန် ရည်မှန်း ထားရှိပါသည်။ ထို့ကြောင့် တူရကီသည် ANI ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ် နှင့်အနီးကပ်ဆက်ဆံရေးများ ဖော်ဆောင်လျက်ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သုံးသပ်ချက်
တူရကီနိုင်ငံသည် ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင်ကျင်းပပြုလုပ်ခဲ့သည့် အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation-OIC) ထိပ်သီးဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လွတ်လပ်သောအချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် ပထမဆုံးအသိအမှတ်ပြုခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ်သည် တူရကီ နိုင်ငံမှ စစ်လက်နက်ပစ္စည်းဝယ်ယူသည့် စတုတ္ထမြောက်နိုင်ငံဖြစ်ပါသည်။ တူရကီနိုင်ငံ၏ ပြည်တွင်းအသားတင်စစ်လက်နက် ပစ္စည်းရောင်းချမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အပြင် ၂၀၂၁ ခုနှစ် ပထမ ၄ လပတ်ကာလအတွင်း တူရကီမှ ဘင်္ဂလားဒေ့ရှ်သို့ အမေရိကန် ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများတင်သွင်းခဲ့ပါသည်။ ထိုကဲ့သို့ အပြန်အလှန်ဆက်ဆံရေးသည် တူရကီနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား အပြန်အလှန် အရေးပါမှုကိုဖော်ပြနေခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၅ ရက်တွင် ဆောင်ရွက် ခဲ့သော တူရကီနိုင်ငံ၏အာရှဒေသနိုင်ငံများနှင့် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် (Asia Anew Initiative-ANI) အရ တူရကီသည် အာရှဒေသနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများတိုးမြှင့်ရန် ရည်မှန်းထားပါသည်။ ထို့ကြောင့် တူရကီသည် ANI ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘင်္ဂလားဒေ့ရှ်နှင့် အနီးကပ်ဆက်ဆံရေးများ ဖော်ဆောင်လျက်ရှိခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံတကာ ဆက်ဆံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍတို့တွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းလျက်ရှိပါသည်။ ထိုကဲ့သို့ဆောင်ရွက်မှုများအနက် စစ်ရေးဆိုင်ရာကိစ္စရပ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် တပ်မတော်အား Force Goal 2030 စီမံချက်နှင့်အညီ ချမှတ်လုပ်ဆောင် လျက်ရှိသည့်အပြင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါသည်။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် ၎င်း၏တပ်မတော်အား အဆင့်မြှင့်တင်မှု များပြုလုပ်ရာတွင် အင်အားကြီးနိုင်ငံများ အထူးသဖြင့် NATO အဖွဲ့၏ စံချိန်စံညွှန်းများ နှင့်အညီ ထုတ်လုပ်ထားသည့် တူရကီနိုင်ငံထုတ်စစ်လက်နက်ပစ္စည်းများကို အဓိကထား ဝယ်ယူလျက်ရှိပါသည်။ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏လုံခြုံရေးအပေါ် တူရကီ၏အလေးထားမှုကိုပြသခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးဆိုင်ရာခြေလှမ်းများအား မျက်ခြည်မပြတ် စောင့်ကြည့်ရမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment