Wednesday, January 26, 2022
တူရကီနိုင်ငံဆိုင်ရာ တာဂျစ်ကစ္စတန်သံအမတ်သည် တူရကီနိုင်ငံ စက်မှုနှင့်နည်းပညာဆိုင်ရာ လက်ထောက်ဝန်ကြီး နှင့်တွေ့ဆုံခဲ့ခြင်း
တူရကီနိုင်ငံဆိုင်ရာ တာဂျစ်ကစ္စတန်သံအမတ် အက်ရှဖ်ဂျွန်ဂူးလက် (Ashrafjon Gulov) နှင့် တူရကီနိုင်ငံ စက်မှုနှင့်နည်းပညာဆိုင်ရာ လက်ထောက်ဝန်ကြီး ချီတင်အလီ ဒွန်းမတ်ဇ် (Chetin Ali Donmez) တို့သည် တူရကီနိုင်ငံရှိ စက်မှုနှင့်နည်းပညာဝန်ကြီး ဌာန၌ ဇန်နဝါရီလ ၂၆ ရက်တွင် တွေ့ဆုံခဲ့ကြကြောင်း တာဂျစ်ကစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြထားပါသည်။ အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအလားအလာများနှင့် လတ်တလောအခြေအနေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ထို့ပြင် ဂူးလက်နှင့် ဒွန်းမတ်ဇ်တို့သည် အစိုးရနှစ်ရပ် အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ (၁၁) ကြိမ်မြောက်ဆွေးနွေးမှုတွင် ရရှိခဲ့သည့် သဘောတူညီမှုများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နည်းပညာ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment