Monday, January 31, 2022

တူရကီသမ္မတသည် ယူကရိန်းသို့ ချစ်ကြည်ရေးသွားရောက်မည်ဆိုခြင်း

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ယူကရိန်းနိုင်ငံသို့ ဖေဖော်ဝါရီလ ၃ ရက်တွင် ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း Tass သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အစောပိုင်းကာလတွင် တူရကီသည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ကြားဝင်ဖျန်ဖြေပေးရန်နှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အသင့်ရှိနေကြောင်း တူရကီသမ္မတက အကြိမ်ကြိမ်ပြောကြားထားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံသည် ရုရှား၊ ယူကရိန်းတို့နှင့် စစ်ဘက်ဆိုင်ရာ မဟာမိတ်ပြုသည် အထိ တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှုမရှိသော်လည်း နှစ်နိုင်ငံစစ်ဘက်များနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ထားလျက်ရှိပါသည်။ သို့ရာတွင် တူရကီ နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ တိုက်ခိုက်ရေးဒရုန်းများ ထောက်ပံ့ပေးခြင်းဖြင့် ရုရှား၏ ကျူးကျော်ရန်စမှုကို သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment