Wednesday, January 19, 2022
တူရကီသမ္မတသည် ယူကရိန်းသို့ချစ်ကြည်ရေးခရီးသွားရောက်ရန်စီစဉ်ထားရှိခြင်း
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူရကီ-ယူကရိန်း သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၃၀) ပြည့်အထိမ်းအမှတ် အဖြစ် ဖေဖော်ဝါရီလ ၃ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကေလင် (Ibrahim Kalin) က ဇန်နဝါရီလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။ ၎င်းခရီးစဉ်၌ အာဒိုဂန်အနေဖြင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelensky) နှင့် သီးခြားတွေ့ဆုံ သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍအပါအဝင် အခြားသောကဏ္ဍ များ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရေးနှင့်စပ်လျဉ်းသည့် သဘောတူညီချက်များ အား လက်မှတ်ရေးထိုးသွားရန် မျှော်မှန်းထားရှိပါသည်။ ယူကရိန်းနိုင်ငံတွင်း ဖြစ်ပေါ် နေသည့် အခြေအနေများနှင့်ပတ်သက်၍လည်း ကြားဝင်ဖြေရှင်းဆောင်ရွက်ပေးရန် အသင့်ရှိသည်ဟု အာဒိုဂန်က ကမ်းလှမ်းထားရှိကြောင်း သိရှိရပါသည်။
Labels:
တူရကီ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment