တူရကီနိုင်ငံသည် အစ္စရေးနိုင်ငံ၏ သိမ်းပိုက်ခံအရှေ့ဂျေရုဆလင်၌ တရားမဝင် အခြေချအိမ်ရာပေါင်း ၃,၅၀၀ ကျော် ထပ်မံဆောက်လုပ်မည့် အစီအစဉ်သစ်တစ်ခု အပေါ် ဇန်နဝါရီလ ၆ ရက်တွင် ဝေဖန်ပြောကြားခဲ့ပါသည်။ ပါလက်စတိုင်းပိုင်နက် နယ်မြေများ၌ အစ္စရေးနိုင်ငံ၏ အခြေချအိမ်ရာများတည်ဆောက်မှုသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များအပါအဝင် နိုင်ငံတကာဥပဒေများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ အစ္စရေး၏လုပ်ဆောင်ချက် များသည် ပါလက်စတိုင်းအား ပြည်နယ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံဖြေရှင်းနည်းနှင့် ငြိမ်းချမ်းရေးရပ်တည်ချက်များကို ထိခိုက်စေနိုင် ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ အစ္စရေးနိုင်ငံသည် သိမ်းပိုက်ခံ အရှေ့ဂျေရုဆလင်၌ အခြေချအိမ်ရာအသစ် ၃,၅၅၇ ခုပါဝင်သည့် အစီအစဉ် ၅ ခုကို ဒေသခံအစ္စရေးစီမံကိန်းကော်မတီက အတည်ပြုပြီးနောက်တွင် တူရကီ၏ အထက်ပါ အတိုင်း တုံ့ပြန်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment