Thursday, January 20, 2022
ဩစတြီးယားနိုင်ငံတွင် အရွယ်ရောက်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံရမည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ခြင်း
အရွယ်ရောက်ပြီးသူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးနှံရမည့် ဥပဒေကြမ်းကို ဩစတြီးယားအောက်လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်အသက်ဝင်မည့် အဆိုပါဥပဒေအရ လာမည့်မတ်လ လယ်မှစ၍ ကာကွယ်ဆေးထိုးနှံခြင်းမပြုသည့် အရွယ်ရောက်သူများအနေဖြင့် ယူရို ၃၆၀၀ အထိ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။ လက်ရှိအချိန်အထိ ဩစတြီးယား နိုင်ငံတွင် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၇၂ ရာခိုင်နှုန်းသာရှိပါသည်။ ဥပဒေကြမ်းအား အထက်လွှတ်တော်တွင် ဆွေးနွေးမဲခွဲမှုပြုလုပ်မည်ဖြစ်ပြီး အတည်ပြု ခဲ့ပါက သမ္မတက လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်းသိရှိရပါသည်။
Labels:
COVID-19,
နိုင်ငံရေး,
ဩစတြီးယား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment