တူရကီနိုင်ငံသည် ကာဇက်စတန်နိုင်ငံနှင့် ညီညွတ်စွာပူးပေါင်းဆောင်ရွက်၍ ကာဇက်စတန်နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် မတည်ငြိမ်မှုများကို မကြာမီအချိန် အတွင်း လျော့ပါးလာစေရန် မျှော်လင့်ကြောင်း တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဇန်နဝါရီလ ၇ ရက်တွင် ဖော်ပြခဲ့ပါသည်။ ကာဇက်စတန်ပြည်သူများ အနေဖြင့် အပြန်အလှန်ယုံကြည်မှုနှင့် တွေ့ဆုံဆွေးနွေးမှု မူဘောင်အတွင်း ပြဿနာ များကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်း အာဒိုဂန်က ကာဇက်စတန်သမ္မတ ကာဆင်ဂျိူမတ်တိုကာရက်ဗ် (Kassym-Jomart Tokayev) နှင့် တယ်လီဖုန်းဆက်သွယ်မှု အတွင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီနိုင်ငံအနေဖြင့် လိုအပ်ပါက ကာဇက်စတန် နိုင်ငံအား နည်းပညာဆိုင်ရာအသိပညာများနှင့် အမျိုးမျိုးသောအတွေ့အကြုံများကို မျှဝေသွားရန် အသင့်ရှိကြောင်းကိုလည်း အာဒိုဂန်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment