Saturday, January 8, 2022

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့၌ပြုလုပ်ခဲ့သော အီရန်နျူကလီးယား ဆွေးနွေးပွဲများအပြီးတွင် သဘောထားကွဲလွဲမှုများလျော့နည်းလာခဲ့ကြောင်းပြောကြားခဲ့ခြင်း

    ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ (Vienna) မြို့၌ပြုလုပ်ခဲ့သော အီရန်နျူကလီးယား ဆွေးနွေးပွဲများအပြီးတွင် သဘောထားကွဲလွဲမှုများလျော့နည်းလာခဲ့ကြောင်း အီရန် နျူကလီးယားထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး အလီဘက်ဟာရီကာနီ (Ali Bagheri Kani) က ဇန်နဝါရီလ ၉ ရက်တွင် ပြောကြားခဲ့သည်ဟု CGTN သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အီရန်နျူကလီးယားအရေး ဆွေးနွေးပွဲများပြုလုပ်ပြီး Cooburg ဟိုတယ်ကမထွက်ခွာမီ သတင်းထောက်များအား အထက်ပါအတိုင်း ဘက်ဟာရီက မှတ်ချက်ပြုပြောကြား ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် အီရန်နျူကလီးယားအရေးဆွေးနွေးမှုများသည် တိုးတက်မှု ရှိနေကြောင်း ဘက်ဟာရီက ထပ်မံပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment