Saturday, January 1, 2022

တူရကီနှင့်လစ်ဗျားချုပ်ဆိုထားသောစစ်ဘက်နှင့်ရေတပ်ဆိုင်ရာသဘောတူညီချက်များအကျုံးဝင်နေဆဲဖြစ်ကြောင်းပြောကြားခဲ့ခြင်း

    တူရကီနှင့် လစ်ဗျားအကြား ချုပ်ဆိုထားသော စစ်ဘက်နှင့် ရေတပ်ဆိုင်ရာ သဘောတူညီချက်များသည် တရားဝင် အကျုံးဝင်နေဆဲဖြစ်ကြောင်း တူရကီသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင်ခါလင် (Ibrahim Kalin) က ဇန်နဝါရီလ ၂ ရက်တွင် ပြောကြားခဲ့ပါသည်။ လစ်ဗျားနိုင်ငံအတွင်းရှိ ပါတီအချို့နှင့် ဒေသတွင်းနိုင်ငံအချို့သည် အဆိုပါသဘောတူညီချက် ၂ ခုအပေါ် ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အစိုးရကမူ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည့်အတွက် တူရကီအနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်အပေါ် အားရကျေနပ်မှုရှိကြောင်း ခါလင်က ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် တူရကီအနေဖြင့် လစ်ဗျားအစိုးရ၏ နိုင်ငံရေး လုပ်ငန်းစဉ်များအပေါ် တက်ကြွစွာကူညီထောက်ပံ့ပေးခြင်းဖြင့် လစ်ဗျားနိုင်ငံဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်းကိုလည်း ခါလင်က အခိုင်အမာပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

No comments:

Post a Comment