Sunday, January 2, 2022

တူရကီသမ္မတနှင့်ရုရှားသမ္မတတို့ကော့ကေးဆပ်ဒေသ၊ ဆီးရီးယားနှင့် လစ်ဗျားအရေးကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များအား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြခြင်း

    တူရကီသမ္မတ ရီဆတ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် ရုရှား သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) တို့သည် ကော့ကေးဆပ်ဒေသ၊ ဆီးရီးယားနှင့် လစ်ဗျားအရေးကိစ္စများအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များအား တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတရုံးက ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် အမေရိကန်နှင့် နေတိုးအဖွဲ့ တို့ထံ တောင်းဆိုထားသော ရုရှား၏ လုံခြုံရေးအာမခံချက်ဆိုင်ရာ အဆိုပြုချက်များကိုလည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ရုရှားနှင့် တူရကီနိုင်ငံတို့အကြား အပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့် မိတ်ဖက်ဆက်ဆံရေးအား အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုလည်း ကတိပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment