Tuesday, January 11, 2022
ဂရိနှင့် နိုင်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးတို့သည် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ခြင်း
ဂရိနိုင်ငံခြားရေးဝန်ကြီး နီကိုးစ်ဒန်ဒီရက်စ် (Nikos Dendias) သည် နိုင်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီအွန်ရယ်မာ (Geoffrey Onyeama) နှင့် ဇန်နဝါရီလ ၁၀ ရက်တွင် နိုင်ဂျီးရီးယားနိုင်ငံ၊ မြို့တော် အဘူဂျာ (Abuja) ၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း EKathimerini သတင်းဌာနက ဇန်နဝါရီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း ၎င်းတို့သည် နှစ်နိုင်ငံအကြားဆွေးနွေးမှုများပြုလုပ်ရေးနှင့် စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါသည်။ နိုင်ဂျီးရီးယားနှင့်ဂရိနိုင်ငံတို့အကြား လက်မှတ်ရေးထိုးသည့် သဘောတူညီချက်များစွာ ရှိပြီး နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအနေဖြင့် အဆိုပါသဘောတူညီချက်များကို ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ဒန်ဒီရက်စ်က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Labels:
ဂရိ,
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment